ညောင်ဦးမြို့နယ် တက်မကျေးရွာမီးဘေးသင့် အိမ်ထောင်စုများအားထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် တက်မကျေးရွာမီးဘေးသင့် အိမ်ထောင်စုများအားထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်


MNP ၊  ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တက်မကျေးရွာအုပ်စု၊ တက်မရွာမီးဘေးသင့်အိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေနှင့် ဆန်ရိက္ခာထောက်ပံပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။


အဆိုပါ တက်မကျေးရွာအုပ်စု၊ တက်မရွာ၌ ဧပြီ ၉ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်ကမီးလောင်မှုကြောင့် အိမ်ထောင်စု(၂)စု၊ မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၁၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါ ပစ္စည်းများအား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)