စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုများပေးအပ်ခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် သွင်းအားစုများပေးအပ်ခြင်းဆောင်ရွက်



MNP ၊  ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာအုပ်စုတွင် (၁၁.၄.၂၀၂၃)  ရက်နေ့နံနက်(၀၉:၀၀) နာရီအချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းဆောင်ရွက်လျက်ရှိသည့် တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ပေးအပ်ပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ ရွှေဘိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး စီးမံကိန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမင်းမှ နွေစပါး တင်း (၁၂၀)အထက်ထွက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတေဇာထွန်းမှ နွေစပါး ဆည်ရေပေးဝေနေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီးဆက်လက်ပြီး တက်ရောက်လာသောတောင်သူများအား သွင်းအားစု မြေဩဇာများအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစီမံကိန်းတွင် ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူပေါင်း(၁၈၂၄)ဦးနှင့် ဧကပေါင်း(၁၁၇၇၂)ဧကကို ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ (၁၁၆၁၇)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ကျန်ရှိနေသော (၁၅၅)ဧကကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပန်းရံကျေးရွာ၊  သီးလုံးကျေးရွာနှင့် ခွန်တောင်းကြီးကျေးရွာတို့မှ တောင်သူပေါင်း(၆၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)