MNP ၊ ဧပြီ ၁၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၃-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ (၁၆)ရက်နေ့အထိ ကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှုများနှင့်အညီ ရေကစားမဏ္ဍပ်များ ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒီသာအလှူ ကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် တာမွေ မြို့နယ် တာမွေလေးရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ဝင်းရှေ့တွင် အလျားပေ(၆၀)၊ အနံ(၂၈)ပေနှင့် စင်အမြင့်(၅)ပေရှိသော “ အတာကူးရေ တန်ခူးလှေ ” စသည့်အမည်ဖြင့် မြို့နယ်ရေကစားမဏ္ဍပ်ကို ၂၀၂၃-ခုနှစ် ဧပြီလ(၇)ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ (၇၀)ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အကူအညီဖြင့် ရေလုံလောက်စွာ ရရှိနိုင်စေရေးအတွက် ရေစုကန် များ၊ ရေတိုင်ကီများဖြင့် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပြီး လူ(၅၀)ဦးခန့် လွတ်လပ်ပျော်ရွှင်စွာ ရေဆော့ကစား နိုင်ကြောင်း၊ အဆိုပါရေကစားမဏ္ဍပ်တွင် အဆိုတော်ဒေါ်လာနှင့် ပိုးအိစံတို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် မဟာ သင်္ကြန်ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး အဆိုပါ ရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်ပွဲတော် အကြိုနေ့မှ အတက်နေ့အထိ နံနက်(၉)နာရီမှ (၁၂)နာရီအထိလည်းကောင်း၊ ညနေ(၃)နာရီမှ (၆)နာရီအထိ လည်း ကောင်း အရွယ်သုံးပါးမရွေး ၊ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး မည်သူမဆို လာရောက်၍ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်းနှင့် စတုဒီသာအလှူများဖြင့်လည်း ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment