MNP ၊ ဧပြီ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဗဟိုလ်မဏ္ဍပ် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ် များ နှင့် ဒေသ ခံပြည်သူ များ၏ မဏ္ဍပ်ငယ် များ ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး ဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ မြို့မိ၊ မြို့ဖများ ကော်မတီ အသီးသီး ဖွဲ့ စည်းကာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ နှင့် နံ့သာသွေးပြိုင်ပွဲ အခမ်းအနားများကို ဧပြီ ၁၃ ရက်နေ့ ဗဟိုလ် မဏ္ဍပ် တွင် လည်းကောင်း ၊ ရိုးရာယဉ်ကျေးမှု ယိမ်းအဖွဲ့များ နှင့် တေးသံရှင်များက ဖျော်ဖြေခြင်း၊ နှစ်ဆန်း တစ်ရက် နေ့တွင် ဇီဝိတဓါန ငါးလွှတ်ခြင်း ၊ နံ့သာသွေးပြိုင်ပွဲတွင် ဆုရ သူများ အား ဆုချီးမြှင့်ခြင်း ၊ ဒေသခံ ရပ်မိရပ်ဖပြည်သူများ စုပေါင်းကာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ အား သာသနာ့ဗိမာန်ကြီးတွင်စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် မည်ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost



No comments:
Post a Comment