MNP ၊ ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ကွန်ပျူတာပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာ ပန်းချီဆွဲပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများကို ရှင်းပြခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသားလူ ငယ်များက တိုက်ဖျက်ကာကွယ် မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ကွန်ပျူတာပန်းချီအားရေးဆွဲ ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသားလူငယ်များက ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကိုကြည့်ရှု၍ မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး တိုက်ဖျက်ကာကွယ်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်သည့် ကွန်ပျူတာပန်းချီဆွဲပြိုင်ပွဲတွင် ဆုရရှိသူများကို မေလ ၁၀ ရက်နေ့တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment