အာဆီယံ-လန်ဒန် ကော်မတီနှင့် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံ-လန်ဒန် ကော်မတီနှင့် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်




MNP ၊ ဧပြီ ၂၇

မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးထွန်းအောင်ကျော် သည် ၂၆-၄-၂၀၂၃ ရက်၊ ၀၉၀၀ နာရီတွင် ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး၌ ကျင်းပသည့် လန်ဒန်မြို့အခြေစိုက် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) မှ အာဆီယံသံရုံးအကြီးအကဲများနှင့် ဗြိတိသျှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး The Rt Hon Anne Marie Trevelyan တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံဆွေးနွေးပွဲ၌ အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ရှေ့ဆက်လက်တွဲဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်သည့် အခွင့်အရေးများ၊ အာဆီယံ-ဗြိတိန် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်နေမှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)