သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်



MNP ၊  ဧပြီ ၁၂

ပူပြင်းခြောက်သွေ့သော နွေရာသီအချိန် ရောက်ရှိလာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးတို့အတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများတွင် လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိအမှိုက်များအား မီးရှို့ရှင်းလင်းမည်ဆိုပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ကြိုတင်အသိပေးအကြောင်းကြားရန်နှင့်စနစ်တကျဆောင်ရွက်ရန်၊ လူနေအိမ်ပတ်ဝန်းကျင်အနီး၌ မီးလောင်လွယ်သည့်အရာများ သိုလှောင်ထားရှိခြင်းမပြုကြရန်၊ အိမ်တိုင်းတွင် တောင့်တင်းခိုင်မာသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကား အသင့်ထားရှိရန်၊ မီးဖိုအား မီးမလောင်လွယ်သော သွပ်ပြား၊ သံပြား၊ အုတ် စသည်တို့ဖြင့် စနစ်တကျခင်း၍ အသုံးပြုရန်၊ မီးဖို အသုံးပြုသူတိုင်း လူစောင့်အမြဲရှိရန်နှင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျငြိမ်းသတ်ရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများမထားရန်၊ သက်ကြီးရွယ်အိုနှင့်ကလေးများအား မီးကိုအသုံး မပြုစေရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ အသုံးပြုပါက မီးမလောင်လွယ်သော အောက်ခံ ခွက်များအသုံးပြုရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်သရိုက်များရှင်းလင်းထားရန်၊ ဟောင်းနွမ်းဆွေး မြေ့နေသော ဝါယာကြိုးများ၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ၊ အသစ်လဲလှယ်အသုံးပြုရန် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို မြို့နယ်မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံစွာအဆင်သင့် တပ်ဆင်ထားရှိရေး၊ အနှေးယာဉ်၊ အမြန်ယာဉ်များပေါ်နှင့် လမ်းသွားရင်းဆေးလိပ်မသောက်ရန်စသည့် မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)