မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်


MNP ၊  ဧပြီ ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌  မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်  ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားအစီအစဥ်ပါဝင်သူများမှ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ယိမ်းအကအလှအဖွဲ့ ခြောက်ဖွဲ့တို့မှ မြူမှောင်ဝေကင်းနှင့်မန်တောင်ရိပ်ခို တေးသီးချင်နှစ်ပုဒ်ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်နေမှုများအား မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ ကျင်းပရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများတို့က ကြည့်ရှုအားပေးခဲ့ကြသည်။


မုဒုံမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်ကို ပြည်သူများ စိတ်အေးချမ်းသာစွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် မြို့နယ်ဗဟိုရေကစားမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၊ အဆိုဝါသနာရှင်များက ပါဝင်အားဖြည့်သွားမည့်အပြင် ရပ်ကွက်/ ကျေးရွာတို့တွင်လည်း ရေကစားမဏ္ဍပ်ငယ်များ၊ စတုဒိတာကျွေးမွေးရေး အစီအစဥ်တို့ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သားငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment