ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်





MNP ၊  ဧပြီ ၁၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင်၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးဦးအဖွဲ့မှ ဦးဆောင်၍ (၂)မိုင်အောင်သာရပ်ကွက် ဗလမင်းထင်ဂေါက်ကွင်းအနီးတွင် ဗဟိုမဏ္ဍပ်တည်ဆောက်ပြီး လမ်းလျှောက်သင်္ကြန် အပါအဝင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဌာနဆိုင်ရာများစုပေါင်း၍ ဗဟိုမဏ္ဍပ်၌ စတုဒီသာတို့ကိုနေ့စဉ် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ ဧပြီလ(၁၃)ရက်နေ့ မွန်းလွှဲပိုင်းတွင် (၂)မိုင်အောင်သာရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး  ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ DJ အတီးအကအလှများဖြင့် သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် ကပြဖျော်ဖြေခြင်းနှင့် လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ ရေပက်ကစားခြင်းများပြုလုပ် သွားမည်ဖြစ်သည်။


၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲနှင့် ငါးလွှတ်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment