လယ်ဝေးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအနက် ၃၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအနက် ၃၆ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆက်လက်ဆောင်ရွက်ပေး



MNP ၊  ဧပြီ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်နှင့်  မြို့နယ်ရုံးမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့၌ ကျေးရွာသူ၊ ကျေးရွာသားများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်နှင့် မြို့နယ်ရုံးအနေဖြင့် ယနေ့တွင် အောင်မြင်ကုန်းကျေးရွာနှင့်တံတားဦးကျေးရွာတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား-၁၂ ဦး၊ မ-၂၄ ဦး၊ စုစုပေါင်း-၃၆ ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဝေကြည် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)