MNP ၊ ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကိုယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဦးမြခိုင်က မိဘပြည်သူများအနေဖြင့် လေ့လာသိရှိနိုင်စေရန်အတွက် မုန်းတိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မုန်တိုင်းအန္တရာယ် အသိပေးလှည့်လည်နှိုးဆော်ခြင်း၊ မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ကျော့ကျော့ဝင်းက မုန်တိုင်းအန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မုန်တိုင်းအရှိန်ကြောင့် ထူးကဲဒီရေမြင့်တက်ခြင်း၊ ရုတ်တရမြစ်ရေကြီးခြင်း၊ မုန်တိုင်းအခြေအနေများအား အရောင်ခွဲခြားသတ်မှတ်ခြင်းများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်စသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Kyauk Taw နှင့် ကျောက်တော်မြို့နယ် ပြည်သူ့စာကြည့်တိုက် Face bookPage များမှ လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment