ရွှေကျင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်



MNP ၊  ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် မွေးကင်းစကလေးငယ်များနှင့်အသက်(၂)လမှ (၃)နှစ်အရွယ် ထိကလေးငယ်များအား ကူးစက်ရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ကျွဲတဲရပ်ကွက် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်  ၁၀ နာရီမှစ၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။


ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းကို ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများရှိ ကာကွယ်ဆေးထိုးနှံရန် ပျက်ကွက်ခဲ့သော မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လအရွယ်မှ (၃)နှစ်အရွယ်ထိ ကလေးငယ်များအား ပြန်လည်ခေါ်ယူ၍ ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသား ဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင် (၅)မျိုး စပ်ကာကွယ်ဆေး ပိုလီယို၊ အကြောသေ၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၀)မျိုးနှင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


အဆိုပါ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက် မှ ၃၀ ရက်နေ့အထိ ကာကွယ်ဆေးများကို ထိုးနှံ/ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)