ပူတာအိုမြို့ မြို့မဈေး၌ Mask Campaign ပြုလုပ်ခြင်းနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့ မြို့မဈေး၌ Mask Campaign ပြုလုပ်ခြင်းနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေး နှိုးဆော်




MNP ၊  ဧပြီ ၂၉

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက် အသံချဲ့စက်ဖြင့်အသိပေးနိူးဆော်ခြင်းနှင့်Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်(၇)နာရီက ပူတာအိုမြို့ မြို့မစည်ပင်သာယာဈေး၌ ပူးပေါင်းအဖွဲ့များကဆောင်ရွက်ခဲ့ကြသည်။


Mask Campaign ပြုလုပ်ရာတွင် ခရိုင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ခင်လွမ်းဘူးရမ်နှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ထွေအုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၀)ဦးခန့်က မြို့မဈေးနှင့်နံနက်ဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ထို့အပြင် ပူးပေါင်းအဖွဲ့များက မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများနှင့်လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရေးအသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည့်အပြင် ကိုဗစ်-၁၉ ရောဂါအသိပညာပေးတေးသီချင်းများဖွင့်လှစ်၍ အသိပညာပေးခြင်းနှင့်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)