ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ပြန်လည်ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ပြန်လည်ဖွဲ့စည်း





MNP ၊  ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ပြန်လည်ဖွဲ့စည်း ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က ဝါသနာတူကလပ်အသင်းများဖြစ်သော Book Club(စာအုပ်စာ​​​စောင်ချစ်မြတ်နိုးသူများအသင်း)၊ Women Club(အမျိုးသမီးများအသင်း)၊ YouthClub(လူငယ်များအသင်း) ဖွဲ့စည်း ခြင်းနှင့် ကလပ်အသင်းတစ်ခုချင်းစီ၏ ဖွဲ့စည်းခြင်းအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် Book Club အသင်းဖွဲ့စည်းရာတွင် ၁၀ဦး မှ ၂၀ဦးအထိ ဒေသခံစာရေးဆရာများ၊ စာပေ ချစ်မြတ် နိုးသူများ၊ ဝါသနာရှင်များစုစည်း၍ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် Book Club အသင်းဖွဲ့စည်းရာသို့ တက်ရောက်လာသော ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ ဦးလှဆန်းလှဆန်း (စိုက်ပညာရှင်)မှ BookClub  အသင်းဥက္ကဋ္ဌ အဖြစ်ဆွေးနွေးပြောကြားခြင်းနှင့် မြို့နယ်စာရေးဆရာအသင်း ဦးဝင်းကိုကို လတ် ဖိုးလောင်းတူး(ဥပဒေ)ကအသင်းအဖွဲ့ဝင်အနေဖြင့် စာပေချစ်မြတ်နိုးသူများပြားလာရေးလုပ်ငန်းဆောင်ရွက်မှုအကြောင်းအရာများအပေါ်ပြန်လည်ဆွေးနွေးခြင်း


နှင့်စာပေချစ်မြတ်နိုးသူဝါသနာရှင်များက အသင်းအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် Book Club အဖွဲ့စည်းရာတွင် အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ စုစုပေါင်း ၁၃ ဦးဖြင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။


ဇွဲမင်းထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)