ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကပ္ပကောင်းကျေးရွာရှိ နေအိမ်တစ်လုံးတွင်ဆိုလာဝါယာကြိုး အပူလွန်ကဲပြီး အနီးရှိ ဝါးထရံအားမီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကပ္ပကောင်းကျေးရွာရှိ နေအိမ်တစ်လုံးတွင်ဆိုလာဝါယာကြိုး အပူလွန်ကဲပြီး အနီးရှိ ဝါးထရံအားမီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား





MNP ၊  ဧပြီ ၁၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်၌ ယမန်နေ့ မွန်းလွှဲ(၁၂:၁၅)အချိန် ရွှေဇားကျေးရွာအုပ်စု ၊ ကပ္ပကောင်း ကျေးရွာ၌ ဆိုလာဝါယာကြိုး အပူလွန်ကဲပြီး  အနီးရှိ ဝါးထရံအားမီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ မောင်တောမြို့၊ ရွှေဇားကျေးရွာအုပ်စု ၊ ကပ္ပကောင်း ကျေးရွာရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား နေကြောင်း သတင်းအရ  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် ဦးစီးမှူး   ဦးထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက် မီး ငြိမ်း သတ်ခဲ့ ရာ (၁၂:၂၀) မိနစ် အချိန်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 


မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ ဒေါ်ဇာဟိရ်တာ အသက်(၄၁)နှစ်(ဘ)ဦးအာဘူလာရှင်၏ နေအိမ် အလျား ၁၅ ပေ ၊ အနံ ၂၄ ပေ ၊ အမြင့် ၁၄ ပေခန့် ရှိ သွပ်မိုး ၊ဝါးထရံကာ ၊ ပျဉ်ခင်း နေအိမ် ခေါင်းရင်းရှိ  ဝါးထရံ နှင့် သစ်သားတန်းများ မီးလောင်းဆုံးရှုံးခဲ့သဖြင့် မီးလောင်ကျွမ်းမှုကြောင့်  လူ/တိရစာ္ဆန် ထိခိုက် ဒဏ်ရာ ရရှိမှု /မရှိ ၊ သေဆုံး မှုမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍  နေအိမ် ပိုင်ရှင် ဒေါ်ဇာဟိရ်တာ အသက်(၄၁)နှစ်(ဘ)ဦးအာဘူလာရှင် အား မြို့မရဲစခန်းတွင် (ပ)၁၂/၂၀၂၃ ၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ် ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)