ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ မြှောက်ပေးတိုင်း မိုက်ကြအုံးမှာလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ မြှောက်ပေးတိုင်း မိုက်ကြအုံးမှာလား




ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အနီးမှာ ယမန်နေ့ (၁၁-၄-၂၀၂၃)ရက်နေ့က NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ဝေခံ PDF  အမည်ခံ အကြမ်းဖက်သမားများက အခြေခံစခန်းတည်ဆောက်ပြီး NUG အကြမ်းဖက်အဖွဲ့ရဲ့ အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ကျင်းပနေစဉ်မှာ တာဝန်သိပြည်သူများရဲ့ သတင်းပေးပို့ချက်အရ လျင်မြန်လှတဲ့ တပ်မတော်(လေ)မှ ဂျက်ဖိုက်တာများက သွားရောက် ရှင်းလင်းပေးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။

တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများအနေနဲ့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ဝေခံ PDF အကြမ်းဖက်သမားများနဲ့ KIA ပူးပေါင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ပြစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတဲ့ အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပို့တယ်။ တင်ပြတယ်။ သို့သော်လည်း တပ်မတော်အနေနဲ့ ရှင်းခဲပါတယ်။ အကြမ်းဖက်လှုပ်ရှား အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းတာမျိုး မရှိခဲ့ဘူးလို့တောင် ပြောနိုင်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူ NLD အစွန်းရောက်တွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါဆောင်ရွက်ခြင်းမပြုကြဖို့ CDM လုပ်ခဲ့သော ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့၊ PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိသွားသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ကိုသာ အစဉ်သဖြင့် တံခါးဖွင့်ပေးထားခဲ့ပါတယ်။

တပ်မတော်အကြီးအကဲများက ကိုယ့်တိုင်းရင်းသားပြည်သူများအပေါ် ငဲ့ညှာထောင်ထားသောအားဖြင့် ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ခဲ့တဲ့အပေါ်မှာတောင် နည်းလမ်းအမျိုးမျိုးနဲ့ ဖြေလျှော့ပေးတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာတွေ ရှိတယ်။ အမှုပိတ်သိမ်းပေးခဲ့တာတွေ ရှိတယ်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်တွေကို တိုင်းပြည်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို ရှင်းလင်းပြောဆိုပြီး နောက်နောင် အကြမ်းဖက်လမ်းစဉ်နောက် မလိုက်ပါမိစေဖို့ ဖျောင်းဖြပြောဆိုရုံမျှမက ထောက်ပံ့ကြေးငွေပါပေးပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့တာလည်း မနည်းတော့ပါဘူး။

တပ်မတော်ခေါင်းဆောင်ကြီးများက ကိုယ့်တိုင်းရင်းသားပြည်သူများအပေါ် ကြီးမားသောမေတ္တာနဲ့ သည်းခံ ခွင့်လွှတ်ပေးလေ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဇွတ်တိုးလှုံ့ဆော်လေပါပဲ။ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိတဲ့ နီပိန်းလေးတွေမှာလည်း မိမိတို့ကို ဘာတစ်ခုမှ ကောင်းကျိုးမပြုတဲ့ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေ က လုပ်ကြံဖန်တီးပြောဆိုသမျှ အဟုတ်ထင်တယ်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ မြှောက်ပေးတိုင်း လိုက်လုပ်တယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ အုပ်ချုပ်ရေးရုံးဖွင့်တဲ့ ဖြစ်စဉ်ကိုပဲ ပြန်လည် သုံးသပ်မယ်ဆိုရင် NUG အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် လရှီးလ၊ ဇော်ဝေစိုး၊ ဇင်မာအောင်၊ ရည်မွန်၊ လွင်ကိုလတ် အဲဒီရုံးဖွင့်ပွဲကို ဘယ်သူလာသလဲ။ ဘယ်သူမှ မလာဘူး။ သူတို့အားလုံးက အမေရိကန်၊ အင်္ဂလန်၊ သြဇီ လွတ်မြောက်နယ်မြေတွေမှာချည်းပဲ မဟုတ်လား။ ဒီလို ရုံးဖွင့်ဖို့ ခိုင်းစေတယ်ဆိုကတည်းက သူတို့ရဲ့ သြဇာခံ PDF တွေကို သေတွင်းထဲ ခုံဆင်းကြလို့ တွန်းလွှတ်သလို ဖြစ်မနနေဘူးလား။

ဘယ်တိုင်းပြည်မှာမှ အကြမ်းဖက်အဖွဲ့အုပ်ချုပ်ရေးရုံးဖွင့်တာကို လက်ပိုက်ကြည့်မနေဘူး။ မင်းတို့ အားကိုးယုံကြည်တဲ့ အမေရိကန်အနေနဲ့ရော အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတစ်ခု အမေရိကန်နိုင်ငံထဲမှာ ရုံးခန်းဖွင့်မယ်၊ အုပ်ချုပ်ရေးရုံးဖွင့်မယ်ဆိုရင် လက်ခံမလား မေးကြည့်ပေါ့။

PDF တွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရက်စက်ယုတ်မာရိုင်းစိုင်းခဲ့တာတွေ များပြီ။ စစ်ကိုင်းတိုင်းဒေသ ကြီးနေရာအနှံ့ရှိ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့နှိပ်စက်သတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန် ထမ်းများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအား Drop Bomb ချခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဘုန်းကြီးကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ၎င်းတို့အားမထောက်ခံသည့် သာသနာ့နွယ်ဝင် ရဟန်းသံဃာများ၊ သီလရှင်များအား ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ်ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ/ဆရာမ ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၇ ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါး တို့သေဆုံးခဲ့ရပြီးပြီ။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ၅ ရုံ၊ ရုံးဌာန အဆောက်အဦ ၁၉၀ ခု၊ ဘုန်းကြီးကျောင်း ၂၀ ကျောင်းနှင့် လူနေအဆောက်အဦ ၂၆၄ လုံးတို့ ဖျက်ဆီးခဲ့ကြတယ်။

PDF တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များနဲ့ ပတ်သက်လို့ မှတ်တမ်းတွေ အပြည့်အဝရှိတယ်။ PDF တွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် ယနေ့တိုင်အောင် ကိုယ့်ရပ်ကိုယ့်ရွာ မပြန်နိုင်ဘဲ တိမ်းရှောင်နေရတဲ့သူတွေလည်း လက်ညှိုးထိုးမလွဲ ထုတ်ပြလို့ ရသေးတယ်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လက်ရဲဇက်ရဲဖြင့် ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့ အတင့်ရဲစွာ လုပ်ဆောင်လာပြီး ဒေသခံ ပြည်သူများအပေါ် အကြောက်တရားဖြင့် ဖိနှိပ်မှုများပြုလုပ်လာခဲ့ကာ မတ်လ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ အပြစ်မဲ့ပြည်သူ ၉ ဦးအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်၍ လူနေအိမ် ၆၂ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး အောင်ပွဲခံခဲ့ကြတယ်။ ၎င်းအကြမ်းဖက်သမားများအနေဖြင့် ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာအနီးတွင် ၎င်းတို့၏ အကြမ်းဖက်ဌာနချုပ် NUG ရုံးအဖြစ် တည်ဆောက်၍ ဧပြီလ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်ရှိကြောင်း အကြမ်းဖက်မှုကို ရွံမုန်းနေသည့် ဒေသခံပြည်သူအချို့မှ အချိန်နှင့်နေရာအား တိကျစွာ သတင်းပေးပို့ လာတဲ့အတွက် တပ်မတော်က ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်တယ်။

အခု NUG အကြမ်းဖက်စခန်း ဌာနချုပ် ဖွင့်ပွဲ ရှင်းလင်းခံလိုက်ရတဲ့ အချိန်မှာ ပြည်ဖျက်မီဒီယာတွေက စတင်လှုံ့ဆော်ပေးတဲ့အတွက်ကြောင့် Facebook လူမှုကွန်ယက်မှာ နီပိန်းတွေ ပရိုဖိုင်အနက်ရောင်ချိန်းပြီး ငိုချင်းချနေကြတယ်။ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ အပြစ်မဲ့ပြည်သူ ၉ ဦး ကို PDF အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြတုန်းက ခင်ဗျားတို့ ပရိုဖိုင်အနက်ရောင်မချိန်းခဲ့ပါဘူး။ ပင်လောင်းမြို့နယ်၊ နန်နှိမ်ကျေးရွာမှာ သံဃာတော်(၃)ပါး ပအိုဝ်းဒေသခံ ပြည်သူ (၂၂) ဦးကို KNDF/PDF များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတုန်းက ခင်ဗျားတို့ အောင်ပွဲခံနေကြတယ် မဟုတ်လား။ PDF က သတ်လို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သေရတိုင်း ခင်ဗျားတို့ ဒလန်ကိုသတ် (ဇွပ် ဇွပ်)၊ ဘောမ စစ်ခွေးကိုသတ် (ဇွပ် ဇွပ်)၊ ဘယ်ရပ်ကွက်က အုပ်ကြီးကိုတော့ (ဇွပ် ဇွပ်) လုပ်ပေးပါအုံး။ ခင်ဗျားတို့ နီပိန်းတွေ ရက်စက်ယုတ်မာသမျှကို လည်ဆင်းခံခဲ့ကြရတာပါ။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဖြစ်စဉ်မှာလည်း တပ်မတော်အနေနဲ့က သတင်းပေးပို့ချက်အရ ကျေးရွာနှင့် အကွာအဝေးကို တွက်ချက်ပြီးမှ အပြစ်မဲ့ ပြည်သူများ မထိခိုက်စေရေး တပ်မတော်အနေဖြင့် လေကြောင်းမှ အကန့်အသတ် ဖြင့် တိုက်ခိုက်ချေမှုန်းမှုများ ဆောင်ရွက်ခဲ့တဲ့အခြေအနေပဲ ဖြစ်ပါတယ်။ PDF အကြမ်းဖက်ခေါင်းဆောင် သန့်ဇင် နှင့် အကြမ်းဖက်အဖွဲ့ဝင်တွေကိုပဲ အဓိကထား ခြေမှုန်းခဲ့ခြင်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်မှာ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုက အနည်းငယ်ပဲ။ NUG အကြမ်းဖက်အဖွဲ့အဆောက်အဦဖွင့်ပွဲအခမ်းအနားမှာ ခင်းကျင်းပြသထားတဲ့ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရာတွင် အသုံးပြုမည့် လက်နက်/ခဲယမ်းများ ထပ်မံပေါက်ကွဲမှုကြောင့် ပြင်းထန်စွာပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများ ပိုမိုများပြားခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ချိန်တွင် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများအား လူသားတံတိုင်းသဖွယ် အကာအကွယ်ရယူခြင်း၊ ဓားစာခံအဖြစ်အသုံးချခြင်းများ ပြုလုပ်လေ့ရှိပြီး ၎င်းတို့၏လှုပ်ရှားမှုများတွင်လည်း ကျေးရွာမိသားစုများကို အတင်းအဓမ္မပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပြုလုပ်လေ့ရှိကာ ရွာသားများထိခိုက်သေဆုံးခဲ့ရတယ်။ 

တပ်မတော်က ဥပဒေနဲ့အညီ နေထိုင်တဲ့ ပြည်သူ ဘယ်သူ့ကိုမှ လိုက်ပြီး အကြောင်းမဲ့ ပြစ်ခတ် သတ်ဖြတ်ခဲ့တာ မရှိဘူး။ အခု PDF တွေကပဲ ရွာသားတွေကို အသုံးချ လူသားဒိုင်းလုပ်ပြီး အကာအကွယ် ယူတဲ့အတွက်ကြောင့် ရွာသားတွေ သေဆုံးရတယ်။  ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ကာကွယ်ရေး (PDF) အနေနဲ့ ရွာသားတွေ အတိဒုက္ခရောက်အောင် မလုပ်ခဲ့ဘူးဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်မှုဆိုတာလည်း ရှိမှာ မဟုတ်ဘူး။ တပ်မတော်အနေနဲ့လည်း ရှင်းလင်းရတဲ့ အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းမရှိပါဘူး။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူ CRPH, NUG အဖွဲ့ဝင်တွေနဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now အစရှိသော ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားတဲ့ (PDF) နဲ့ ပူးပေါင်းအဖွဲ့တွေက သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူဟာ (၅၀၃၃) ဦး ကျော်လွန်ခဲ့ပြီ။ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုတည်း အတွင်းမှာပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ်ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ/ဆရာမ ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၇ ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါး တို့သေဆုံးခဲ့ရပြီးပြီ။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ၅ ရုံ၊ ရုံးဌာန အဆောက်အဦ ၁၉၀ ခု၊ ဘုန်းကြီးကျောင်း ၂၀ ကျောင်းနှင့် လူနေအဆောက်အဦ ၂၆၄ လုံးတို့ ဖျက်ဆီးခဲ့ကြတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများ၊ ပြည်တွင်းရှိ အကြမ်းဖက်သမားများရဲ့ ရက်စက်ယုတ်မာသော လုပ်ရပ်များကို တပ်မတော်က အစဉ်သဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သေဆုံးနေရတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေပေးရမလား။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ တပ်မတော်က ရှင်းလင်းလိုက်တဲ့ အရေအတွက်ဟာ NUG, CRPH, PDF တို့ရဲ့ ရက်စက်ယုတ်မာမှုနဲ့ နှိုင်းယှဉ်ရင် အစွန်းအထွက်ပဲ ရှိပါလိမ့်မယ်။

PDF တွေ အသေဆိုးနဲ့ သေမှာစိုးလို့၊ မင်းတို့ရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း မဆုံးရှုံးစေချင်လို့ တော်ကြပါတော့၊ ရပ်ကြပါတော့၊ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်ကြပါတော့လို့ အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့တယ်။ KIA က ပေးတဲ့ လက်နက်ကိုကိုင်ပြီး ကိုယ့်သွေးသားအချင်းချင်း ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ပြီး အောင်ပွဲခံနေကြတဲ့ မင်းတို့တတွေလောက် မိုက်တွင်းနက်တဲ့သူတော့ မရှိဘူး။

PDF တွေ ဆက်မိုက်ကြအုံးမှာလားလို့တော့ မမေးတော့ပါဘူး။ လူကြီးမိဘတွေ အနေနဲ့ မိမိတို့ရဲ့ သားသမီးများ PDF အကြမ်းဖက်အဖွဲ့ထဲ ရောက်နေတာများ ရှိရင် "ငါ့သား ငါ့သမီးတို့ မင်းတို့ ရက်စက်ယုတ်မာခဲ့တာတွေလည်း များပြီ။ မင်းတို့ကို သွေးထိုးမြှောက်ပင့်ပေးနေတဲ့ CRPH, NUG အဖွဲ့ဝင်ဆိုသူတွေ BBC, VOA, RFA ဆိုတဲ့ မီဒီယာတွေက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အထောက်အပံ့နဲ့ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေကြတာ။ ငါ့သား ငါ့သမီးတွေမှာ သူတို့ပြောသမျှ လိုက်ပါလုပ်ဆောင်ရင် ရာဇဝတ်သားတွေ ဖြစ်နေကြပြီ။ လက်နက်တွေစွန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတော့။ သူများကိုလည်း ဒုက္ခမပေးချင်ကြပါနဲ့တော့။ သူများကို ဒုက္ခပေးခြင်းကြောင့် ကိုယ်တိုင်လည်း ဒုက္ခကြုံရမှာ မလွဲဧကန်ပါပဲ" လို့ ဖြောင်းဖြပြောဆိုပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ အကြံပြုလိုပါတယ်ဗျာ။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက PDF ပဲ သေသေ၊ PDF သတ်လို့ပဲ သေသေ သေစာရင်းတင်ပြီး အလှူခံလို့ရတယ်။ အခုလို PDF တွေ သေပြီဆိုတဲ့ အခါ သူတို့မှာ ပိုပြီး အလှူခံလို့ကောင်းသွားပြီ။ သူတို့ အလှူခံစားလို့ရဖို့ မြန်မာပြည်ထဲမှာ ရှိတဲ့ ပြည်သူတွေ သေပေးနေရတဲ့ သဘောကို နားလည်ကြရင်ဖြင့် ဆက်မိုက်တော့မှ မဟုတ်ပါဘူး။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူ လူလည်ကြီးများ နဲ့ ပြည်ဖျက်မီဒီယာများ အလှူခံစားလို့ ကောင်းအောင်၊ မျက်ရည်ခြူလို့ကောင်းအောင် ပဋိပက္ခတွေ ဖန်တီးအုံးမယ်၊ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြအုံးမယ်ဆိုရင်လည်း သဘောရှိပါပဲဗျာ။

ကျုပ်တို့အနေနဲ့ကတော့ အကြမ်းဖက်လုပ်ရပ်တွေ မကျူးလွန်ကြဖို့၊ ကိုယ့်ပြည်သူအချင်းချင်း ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ အထူးသဖြင့် မေတ္တာရပ်ခံပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်များ အမြန်ဆုံးကျဆုံးစေဖို့လည်း နေ့စဉ်ဆန္ဒပြုပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်ကြသူများ ကောင်းကျိုးလိုရာဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေလို့လည်း ဆန္ဒပြုလျက်ပါပဲဗျာ -


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)