ရေရှားပါးသောနေရာများ၌ သောက်သုံးရေ ပြတ်လတ်မှုမရှိစေ ရေးရေများအခမဲ့ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေရှားပါးသောနေရာများ၌ သောက်သုံးရေ ပြတ်လတ်မှုမရှိစေ ရေးရေများအခမဲ့ဖြန့်ဝေပေး


MNP ၊  ဧပြီ ၁၁

မွန်ပြည်နယ်၊ ကျိုက်မရော မြို့ပေါ်ရှိ ရေရှားပါးသော အနိမ့်ပိုင်း ရပ်ကွက်များသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်  ဦးစီးဌာန မှသောက်ရေများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နေ့လည် ၂နာရီ က ကမ်းနားလမ်းရှိ နေအိမ်များသို့ ပို့ဆောင်ပေးလျက်ရှိသည်။


ကျိုက်မရော မြို့နယ်တွင်ပူပြင်းခြောက်သွေ့သော နွေရာသီရောက်တိုင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ် ကွက်များဖြစ်သည့်ရှင်စောပု ကမ်ူနားပိုင်း၊ ထုံးဘိုပိုင်းတို့၌ သောက်ရေကန်မျာ ရေတွင်းများရေခန်းခြောက်ကာ နှစ်စဥ်ရေရှားပါးမှုကြုံနေရသဖြင့်  မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦးကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ ဝင်များက ရေသည်ယာဥ်နှစ်စီးဖြင့် ရေဂါလံ  နှစ်ထောင်ခန့်ကို ပြည်သူများ အိမ်ရှေ့အရောက် အခမဲ့ပေးဝေ လှူဒါန်းကာရေပြတ်လပ်မှု မရှိစေရေးနေ့စဥ်ဆောင်ရွက်ပေး လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှသတင်းရရှိသည်။


 ချိုမြတ်မြတ်ထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)