တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရွှေပြည့်အောင်ပွဲရေစက်ချ မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရွှေပြည့်အောင်ပွဲရေစက်ချ မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကျင်းပ





MNP ၊  ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရွှေပြည့်အောင်ပွဲရေစက်ချ မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရင်ပြင်တော် ယာယီမင်္ဂလာမဏ္ဍပ် တွင်ကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။


အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ကာ မဟာဝသုတာရာမတိုက်သစ်၊ မြို့နယ်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာ တော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ဒါယကာ ၊ဒါယိကာမတို့မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တုရင်တောင်စွယ်တော်မြတ်စေတီ ဂေါပကအတွင်းရေးမှူး ဦးလှရွှေမှ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း စတင်ချိန်မှကပ်လှူပြီးချိန်ထိ လုပ်ဆောင်မှုများရှင်းလင်းတင်ပြလျှောက်ထားကာ တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ဩဝါဒါစရိယဆရာတော်များနှင့် ဂေါပကအဖွဲ့က ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းတွင် အောင်မြင်စွာဆောင်ရွက်ပေးခဲ့သည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းကော်မတီအသီးသီးအား အမှတ်တရဂုဏ်ပြုမှတ်တမ်းများပေးအပ်သည်။ ဆက်လက်၍ မဟာဝိသုတာရာမတိုက်သစ်မြို့နယ်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညာသီရိအရှင်သူမြတ်ထံမှအနုမောဒနာတရားနာ ယူ၍ရေစက်သွန်းချ အမျှအတန်းပေးဝေကြပြီး တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီး ရွှေပြည့်အောင်ပွဲရေစက်ချ မင်္ဂလာအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနား အောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)