ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အပြင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်(၆)ခုဖြင့် ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ဆောင်ရွက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်အပြင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်(၆)ခုဖြင့် ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရန် စီစဉ်ဆောင်ရွက်ထား



MNP ၊  ဧပြီ ၁၂

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်အညီ နှစ်စဉ်ကျင်းပခဲ့ရာ ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ် (၆)ခုဖြင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ သင်္ကြန်ပွဲတော် မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမှ ဆမားလမ်းဆုံ (ကျောက်စိမ်း တုံးမီးပွိုင့်အထိ) လမ်းလျှောက်သင်္ကြန်နှင့် ဗဟိုမဏ္ဍပ်တည်ဆောက်ထားပြီး ဒေသခံစီးပွားရေး လုပ်ငန်းရှင်အစုအဖွဲ့များ၏ ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်(၆)ခုကို ကျောက် စိမ်းတုံးမီးပွိုင့်မှ ဆမားလမ်း တစ်လျှောက် တည်ဆောက်လျက်ရှိကြောင်း သိရသည်။


သင်္ကြန်ပွဲတော် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ဗဟိုမဏ္ဍပ်ကို ပရိတ်သတ် ၄၀၀ ဝင်ဆံ့နိုင်အောင် ပေ ၁၇၀ × ၆၅ ပေအကျယ် Steel Structure ဖြင့် တစ်လအချိန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေရရှိစေရေး ဗဟို မဏ္ဍပ်တွင် ရေဂါလံ ၁၂၀၀၀ ဆံ့ ယာယီရေလောင်ကန် ၃ ကန်တည်ဆောက်ထားရှိကာ တစ်ရက် လျှင် ရေဂါလံ (၁)သိန်းခွဲခန့် ‌ရေကစားပက်ဖျန်းနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။


အလားတူ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ရှိရာ ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် နေ့စဉ်လူဦးရေ ၁၅၀၀ ကျွေးမွေးနိုင်မည့် ဌာနဆိုင်ရာများ၏ စတုဒီသာမဏ္ဍပ် (၄)ခု၊ လောင်းလှေကြီးများနှင့် နံ့သာ မဏ္ဍပ်များဖြင့် တည်ဆောက်ထားပြီး ရေရရှိရေးအတွက်ကိုလည်း မြို့ရေပေးဝေပိုက်လိုင်းနှင့် စက်ရေတွင်းများတူးဖော်ထားရှိကာ ရေဂါလံ ၂၅၀၀၀၀ ဆံ့ ယာယီရေလောင်ကန် ၂ ကန် တည် ဆောက်ထားသဖြင့် တစ်ရက်လျှင် ရေဂါလံ ၃ သိန်းခန့် ပက်ဖျန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။


ထို့အပြင် ဆမားလမ်းပေါ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်အစုအဖွဲ့များ၏ ရေကစားမဏ္ဍပ် (၆)ခုတွင် လည်း သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ ပျော်ရွှင်စွာရေကစားနိုင်မည့်အပြင် ယိမ်းအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတု ဒီသာမဏ္ဍပ်များကို စီမံ ဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။


အလားတူ ဗဟိုမဏ္ဍပ်၌ မနက်နှင့်ညနေပိုင်းတို့တွင် ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးများအပြင် ညပိုင်းတွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့ (၁၃)ဖွဲ့တို့က ကိုယ်ပိုင်သံစဉ်/ ကိုယ်ပိုင်စာသား (CD/ ဆိုင်းဝိုင်း)တို့ဖြင့် လည်းကောင်း၊ CD တေးသီချင်းဖြင့် ယိမ်းအကပြိုင်ပွဲများကိုလည်းကောင်း သတ်မှတ်အမျိုးအစားအလိုက် နေ့စဉ်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ယိမ်းအဖွဲ့များကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များနှင့်မတူ ရိုးရာအစဉ်အလာမပျက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည့်အပြင် မဟာသင်္ကြန်ကာလ ဝန်ထမ်းများအတွက် ပထမအကြိမ် စုပေါင်းဒုလ္လဘရဟန်းခံနှင့် သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာ၊ တရားစခန်းဖွင့်ပွဲပြုလုပ်ပေးခဲ့ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဓလေ့ ထုံးစံများနှင့်အညီ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားနာယူပွဲများကို ထည့်သွင်းကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)