လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ လှိုင်ပိတောက်မေ ရေကစားမဏ္ဍပ်တွင်၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် အစမ်းလေးကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ လှိုင်ပိတောက်မေ ရေကစားမဏ္ဍပ်တွင်၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် အစမ်းလေးကျင့်




MNP ၊  ဧပြီ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လှိုင်ပိတောက်မေ သင်္ကြန်မဏ္ဍပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စက်မှုဇုံ ကနောင်ခန်းမရှေ့တွင် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေခြင်းနှင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းတို့ကို ယနေ့နံနက် ၈နာရီ၌ အစမ်းလေးကျင့်ခြင်းကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ပိုမိုထူးခြားကောင်းမွန်သည့် အမြင်သစ်၊ အတွေးသစ်များဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။


သို့ဖြစ်ရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပါဝင်ကပြ ဖျော်ဖြေကြမည့် ယိမ်းအဖွဲ့များ၊ တစ်ပင်တိုင်အကများဖြင့် ပါဝင်ကပြဖျော်ဖြေမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် နှစ်သစ်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် လှိုင်ပိတောက်မေ ရေကစားမဏ္ဍပ်၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေး အစမ်းလေးကျင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခင်ဝင်းမူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)