ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ


MNP ၊ ဧပြီ  ၂၇

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း  ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော် ရုံးအမှတ် (၉) ရှိ  ပြည်ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရုရှားနှင့်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်လာစေရန် ဆောင်ရွက်ပေးနေသော ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်းကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားသည်။ ယင်းနောက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ ဥပဒေရေးရာ၊ ဘဏ္ဍာရေး စသည့်ကဏ္ဍများတွင် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးကိစ္စများနှင့် ရုရှားနိုင်ငံမှာကျင်းပသည့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။            


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)