ရသေ့တောင်မြို့၌ ပညာရေးကဏ္ဍအသိပညာပေး Talk Show ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ပညာရေးကဏ္ဍအသိပညာပေး Talk Show ဆောင်ရွက်




MNP ၊  ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ရ‌သေ့တောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပညာရေးကဏ္ဍအသိပညာပေးTalk Showပြုလုပ်ဆောင်ရွက်ခြင်းကိုယနေ့ နေ့လည်(၁၂)နာရီအချိန်ကလူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး‌ ဒေါ်တင်ဇာဦးကပညာရေးကဏ္ဍအသိပညာပေးTalk Show ဆောင်ရွက်ရခြင်းများကိုရှင်းလင်းပြောကြားသည်။


ယင်းနောက်မြို့နယ်ပညာရေးဌာနမှ လက်ထောက်ပညာရေးမှူး ဦးဇော်မင်းနိုင်ကဆွေးနွေးပြောကြားရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ကျောင်းသင်ခန်းစာအပြင်စက်မှုနည်းပညာ၊စိုက်ပျိုးရေးအတတ်ပညာ၊မွေးမြူရေးအတတ်ပညာများကိုပါသင်ကြားပို့ချပေးသွားဖြစ်ကြောင်းယင်းပညာရပ်တွေကိုရခိုင်ပြည်နယ် အတွင်းစစ်တွေ၊သံတွဲ၊အမ်းမြို့နယ်များတွင်စတင်ဖွင့်လှစ်သင်ကြားအပေးသွားမည် ဖြစ်‌ ကြောင်းလည်းကောင်းအတတ်ပညာများနှင့်အထက်တန်းအောင်မြင်ပြီးကျောင်းသား၊ကျောင်းသူများအနေဖြင့်အတန်း(၃)တန်းခွဲခြားပြီးအဆင့်မြင့်‌ အောင်မြင်သူများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင်တတ်ရောက်သင်ကြားခွင့်ရရှိကြမည်ဖြစ်‌ ကြောင်းရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)