ဘိုကလေးမြို့မှ လက်ခမောင်းသံ(၄) မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့မှ လက်ခမောင်းသံ(၄) မြန်မာရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်


MNP ၊  ဧပြီ ၄

မြန်မာရိုးရာလက်ဝှေ့ တိမ်ကောပပျောက်မှုမဖြစ်စေရေးနှင့် ကမ္ဘာ့အလယ်တွင် ရင်ဘောင်တန်းနိုင်သော မျိုးဆက်သစ် မြန်မာရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက်တော်ဝင်ဧရာကလပ်မှ စီစဉ်ကျင်းပသော ဘိုကလေးမြို့မှ လက်ခမောင်းသံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအား ဘိုကလေးမြို့နယ် အားကစားခန်းမ၌ ဧပြီ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့ (၂)ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


အဆိုပါ လက်‌ဝှေ့စိန်ခေါ်ပွဲတွင် (၅)ချီအထူးစိန်ခေါ်ပွဲအဖြစ် သန့်ဇင်(တော်ဝင်ဧရာ)နှင့် စောဖြိုးဝေ (အဖြူရောင်သွေးသစ်)၊ ရိုးရိုးလေး(တော်ဝင်ဧရာ)နှင့် မောင်ဇော်(ဟံသာဝတီ)၊ (၄)ချီ အထူးစိန်ခေါ်ပွဲအဖြစ် အောင်စိုးလင်း(ရွှေမအူပင်)နှင့် ရဲကျော်စွာ (ဟံသာဝတီ)၊ ပြည့်ဖြိုးအောင်(APP)နှင့် အောင်လေး(EAGLE)၊ အောင်ပြည့်စုံ (တော်ဝင်ဧရာ)နှင့် တက်လူ(ရွှေမအူပင်)၊ အောင်ကျော်ကျော်(တော်ဝင်ဧရာ)နှင့် မိုက်မိုက်(ရွှေမအူပင်)တို့၏ ပွဲများအပြင် အခြားသော(၃)ချီ စိန်ခေါ်ပွဲများလည်း ပါဝင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။


မိုးစက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)