MNP ၊ ဧပြီ ၄
မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန မှကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပေါင်မြို့နယ် ဖြူဘကျေးရွာ ၊ကတိုက်ရေလှောင်တမံ ရှင်းလင်းဆောင်၌ ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှုး ဦးစိုးတင့်နိုင် ကမျိုးကောင်းမျိုးသန့် သုံးစွဲရေး၊စနစ်တကျမြေယာပြုပြင်ဆောင်ရွက်ရေး၊ပိုးမွှားရောဂါများကာကွယ်နှိမ်နှင်းရေးအပြင် သွင်းအားစုများကို စနစ်တကျသုံးစွဲဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှုး ( ငြိမ်း )ဦးမြင့်စိုး က နေပြည်တော် စပါးမျိုးစေ့ထုတ်တောင်သူများနှင့် ပေါင်မြို့နယ်ရှိတောင်သူများ တွေဆုံပေးခြင်းဖြင့် နည်းပညာအတွေ့အကြုံများ ဖလှယ်ကာ စိုက်ပျိုးထွက်ကုန်များ ရာနှုန်းပြည့်ကျော်လွန်စေရန် ရည်ရွယ်ပါကြောင်းအမှာစကားပြောကြားသည်။
ထို့နောက်နေပြည်တော်မှ တောင်သူ အဖွဲ့သည်ဖြူဘကျေးရွာ ကွင်းအမှတ် (၇၇၂)ဦးပိုင်(၂၉/၁) တောင်သူဦးအုံးလှိုင်၏လယ်မြေတွင် စိုက်ပျိုးထားသော ရွှေအာဆီယံစပါး စိုက်ခင်းနှင့် ဘာစမာတီ စပါးစိုက်ခင်းသို့ လည်းကောင်း ၊ ရွာတန်းရှည်ကျေးရွာ ကွင်းအမှတ် (၇၆၂)၊ဦးပိုင်(၃၀/၁) တောင်သူဦးဟန်ဝင်းအောင်တို့ လယ်မြေတွင် စိုက်ပျိုးထားသော ရတနာတိုးစပါး စိုက်ခင်းများသို့လည်းကောင်းကွင်းဆင်းလေ့လာခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင့်နိုင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်းကြားရေးမှူး(ငြိမ်း)ဦးမြင့်စိုး ၊သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်နှင့်တာဝန်ရှိသူများ၊ပေါင်မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်တောင်သူများတက်ရောက်ခဲ့ကြပါသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment