MNP ၊ ဧပြီ ၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီ ကပေါင်မြို့နယ် မုတ္တမကျေးရွာ အောင်ချမ်းသာကြီး စေတီတော်မြတ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် ဗုဒ္ဓါပူဇနိယဆွမ်းကြီးလောင်းပွဲတော်အခမ်းအနားကိုတက်ရောက်ပူဇော်ခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားအား နမောတဿ (သုံးကြိမ်)ရွတ်ဆိုကန်တော့၍အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများသည် စေတီတော်မြတ်ကြီးအား မျက်နှာသစ်တော်ရေနှင့်မြကမ္ဗလာမျက်နှာသုတ်ပုဝါကပ်လှူခြင်းကိုလည်းကောင်း၊မြတ်စွာဘုရားအား ဆွမ်းဦး ဘော ဇဥ်မြ သပိတ်တော် ကပ်လှူပူဇော်ခြင်းကိုလည်းကောင်း ၊သောက်တော်ရေချမ်းများကိုလည်းကောင်း၊သစ်သီးဘောဇဉ်များကိုလည်းကောင်း၊ဝဏ္ဏဂန္ဓအဆင်းအနံ့နှင့်ပြည့်စုံသော ပန်းမန်းမာလာများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာကို အကျယ်တဝင့်ပူဇော်ပြီးပန်းပေါက်ပေါက်များဖြင့်ပူဇော်ကန်တော့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဖြင့်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ၍ ဗုဒ္ဓဘိသေက မင်္ဂလာအခမ်းအနားအားရုပ်သိမ်းပြီး ဩဝါဒစရိယဆရာတော် သံဃာတော်အရှင်သူမြတ်ကြီးအား အမှူးပြု၍ ပင့်သံဃာတော်အရှင်သူမြတ် (၁၅၀) ပါးကျော်ခန့်ကအောင်ချမ်းသာကြီးစေတီတော်မြတ်ရင်ပြင်တော်တစ်ပတ် ဆွမ်းကြီးခံ ကြွရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment