ပေါက်မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဧပြီ ၄ 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် နှင့် ရေစကြိုမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက ပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ၎င်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ တဲ ၁ လုံးအား တွေ့ရှိ၍ ဝင်ရောက်ရှာဖွေခဲ့ရာ PDF အကြမ်းဖက်သမားများ အသုံးပြုသည့် လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး၊ RPF လက်မောင်းတံဆိပ် ၂၀ စုံ၊ ဝါးညှပ်ခလုပ် ၁၀ ခု၊  ဆေးထိုးအပ်ဖြင့် ပြုလုပ်ထားသည့် တိုက်မိုင်းခလုပ် ၁၀ ခု၊ ဆားကစ်အုံး ၂ ခု၊ ဒီတိုနေတာ ၁၀ ချောင်း၊ ယမ်းကြိုး ၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေခဲတောင်ကျေးရွာအတွင်း PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ၎င်းတို့အခြေချစခန်းအတွင်းမှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်ပြုလုပ်ထားသော လက်လုပ်သေနတ် ၁ လက်၊ AK ၅၀ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံး၊ အိုင်ကွန် ၁ လုံး၊  ပြောက်ကျား ယူနီဖောင်း ၃ စုံ၊ ဘတ္ထရီအိုး ၂ လုံး၊ လက်သမား သေတ္တာ ၂ လုံး၊ လွှ ၄ ချောင်း၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဆိုလာပြား ၃ ချပ်၊ ဝါယာကြိုး ၂ ခွေ၊ အင်ဗာတာ ၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၃ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)