MNP ၊ ဧပြီ ၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များအား သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်၁၁ နာရီက မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးထွန်းစောကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းလုပ်ဆောင်မည့် ကျေးရွာများဖြစ်ကြသည့် ရဲကျွန်း(တောင်)၊ရဲကျွန်း(မြောက်)၊နတ်ပြင်ကျေးရွာနှင့်ပလင်ကျေးရွာတို့မှ စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကျေးရွာကော်မတီဝင် သင်တန်းသား/သူ(၃၆)ဦးတို့အား နိုင်ငံ့စီပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ငွေစာရင်းထိမ်းသိမ်းနည်းနှင့် စာရင်းဇယားများပြုစုနည်းများ ကိုတစ်ရက်တာ သင်တန်းအဖြစ်ပို့ချ ပေးလျက်ရှိကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment