မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လူငယ်များကို ဖြန့်ဖြူး ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုး လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လူငယ်များကို ဖြန့်ဖြူး ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ ငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုး လှိုင်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ


MNP ၊ ဧပြီ ၄

မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကာလမတိုင်မီ  စိတ်ကြွရူးသွပ်ဆေးပြားများ သိုလှောင် ထားရှိကာ လူငယ်များအား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  မတ်လ ၃၀  ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် တင်မောင်သန်း နှင့် အောင်သူ တို့ ၂ ဦးအား SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။

 စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ အောင်သူ ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန်(၃၂၀)ကီလိုခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)