လှိုင်းဘွဲမြို့နယ်တွင် အရန်သားဖွားနှင့်လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် အရန်သားဖွားနှင့်လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊  ဧပြီ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သားဖွားနှင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းနားတွင် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်ထွန်းက ကျန်းမာရေးဌာနများနှင့်ဝေးကွာသော ကျေးရွာများရှိ ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း အရန်သားဖွားဆရာမများအား မွေးထုတ်သင်ကြား‌ပေးခြင်း၊ မိခင်နှင့်ကလေးငယ်များ၏ အသက်ကိုကယ်တင်ပေးနိုင်သော စေတနာ့ဝန်ထမ်းများဖြစ်ခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် နှိမ်နှင်းရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကုသမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်းတွင်သင်ကြားပို့ချမှုများကို လိုက်နာမှတ်သားပြီး သင်တန်းပြီးမြောက်ပါက မိမိတို့မြို့နယ်၊ ကျေးရွာနေပြည်သူများအတွက် အားကိုးဂုဏ်ယူစရာကောင်းသော စေတနာ့ဝန်ထမ်းများဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


အရန်သားဖွားနှင့် လူထုကျန်းမာရေးလုပ်သား သင်တန်းကို အရန်သားဖွား သင်တန်းသူ(၂၀)ဦးဖြင့် စာတွေ့သင်ကြားမှု(၃)လ၊ လက်တွေ့သင်ကြားမှု(၃)လနှင့် လူထုကျန်းမာရေးလုပ်သား(၅)ဦးကို စာတွေ့သင်ကြားမှု(၁)လဖြင့် ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။


စောဒိ

 https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)