MNP ၊ ဧပြီ ၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး တန်ခူးလအကြောင်းသိကောင်းစရာ(Talk Show)အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာစိုး က (Talk Show)ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှုး ဒေါ်သဲပွင့်ဖြူ ကတန်ခူးနဲ့တာကူးရဲ့အဓိပ္ပါယ်၊ မြန်မာနှစ်သစ်ကူးနှင့်ရေကစားခြင်း၊ မြန်မာ့(၁၂)လရာသီနှင့် သင်္ကြန်ဆိုတာ၊ မြန်မာလူမျိုးများ၏ ချစ်မြတ်နိုးစရာ နှစ်သစ်ကူးတန်ခူးလမဟာသင်္ကြန်ပွဲတော်အကြောင်း သိကောင်းစရာများစတဲ့ အချက်များအား ဗဟုသုတရရှိစေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment