တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီး (CAEXPO) တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ ပါဝင်ပြသနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီး (CAEXPO) တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ ပါဝင်ပြသနိုင်




MNP ၊  ဧပြီ ၇

20th China – ASEAN Expo (CAEXPO) ကုန်စည်ပြပွဲကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းနင်းမြို့၌ ၁၆.၉.၂၀၂၃ မှ ၁၉.၉.၂၀၂၃ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ပါဝင်ပြသနိုင်ကြောင်း သိရသည်။


တရုတ်နိုင်ငံ၊ China - ASEAN Expo (CAEXPO) Secretariat မှ Vice Secretary General Mr. SHI Zuyao နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီး၌ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးအတွက် ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် တာဝန်ရှိသူများကိုလာရောက်တွေ့ဆုံ ဆွေးနွေးသည်။


ယခင်နှစ် 19th China - ASEAN Expo (CAEXPO) တွင် မြန်မာနိုင်ငံမှ ပြခန်း ၃၀ ခုဖြင့် ကျောက်မျက်ရတနာများ၊ သစ်သား ပရိဘောဂများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ စသည့် မြန်မာထွက်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး ယခုနှစ်တွင်လည်း စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အခမဲ့ပါဝင်ပြသနိုင်ကာ ကုန်သွယ်မှုနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်မည့် Business Matching များလည်း ပါဝင်ကြောင်း ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။


အစည်းအဝေးသို့ အသင်းချုပ်ဖက်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ အသင်းချုပ်၏ ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးကျော်မျိုးထက်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ အလုပ်အမှုဆောင် ဦးကျော်ကိုဟိန်းအောင်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်နှင်းဆီနှင့် အလုပ်အမှုဆောင် ဦးယုလွင်၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ကြသည်။


ကုန်စည်ပြပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို China-ASEAN Expo Secretariat ဖုန်း +86-771-8028899, +86-771-2212501, Email: overseas.caexpo@163.com သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပြီး မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ဖုန်း ၀၆၇-၄၃၀၂၉၅၊ ၀၆၇-၄၃၀၄၇၇၊ Email: moctradefair@gmail.com သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်းသိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)