ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌၌ ကိုယ်ထူကိုယ်ထဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌၌ ကိုယ်ထူကိုယ်ထဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်




MNP ၊  ဧပြီ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ တနင်းဖလုံလမ်းအား အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် ကိုယ်ထူကိုယ်ထဖြင့် ကွန်ကရစ်လမ်းခင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါလမ်းအား တောင်ပို့ကျောင်းဆရာတော်ဦးဆောင်မှု၍ စေတနာရှင်အလှူ့ဒါယကာ၊ ဒါယိကာမများတို့မှ စုပေါင်းလှူဒါန်းငွေ(၃၆၈၈၀၈၀၀)ကျပ်ဖြင့် (အရှည် ၁၉၀၀ပေ x အကျယ် ၁၈ ပေ x ထု ၆လက်မ)ရှိ ကွန်ကရစ်လမ်းအား အမှတ်(၄)ရပ်ကွက်ရှိ အများပြည်သူများတို့၏ စုပေါင်းလုပ်အားဖြင့် မတ်လ ၂၂ ရက်နေ့တွင်  စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


ထိုလမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက  မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်‌ပြေလွယ်ကူ‌‌စေပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရှိရပါသည်။


နော်ခူး 

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)