ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား




MNP ၊  ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာ၌ ယနေ့ နံနက် ၉နာရီ ၅၀ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


မီးလောင်မှုဖြစ်ပွားသည့် ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာသို့ ငါ့သရောက် နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင် (၇)၊ဦး၊ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်မီးငြှိမ်း သတ်ရာ ၁၀ နာရီခွဲအချိန်၌မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။ မီးလောင်မှုဖြစ်စဉ်မှာ ဦးနန်းမွှေးပိုင်ဆိုင်သော ၁၅ ပေပတ်လည်၊ ထန်းရွက်မိုး၊ ထရံကာ မြေစိုက်နေအိမ် (အမြင့် ၁၅)ပေခန့်၊ အကျယ် ၅ ပေခန့်ရှိ  ထန်းရွက်မိုး၊ ထရံကာ မီးဖို ဆောင်တွဲလျှက်၊ မီးဖိုဆောင်အတွင်း ထမင်းအိုးတည်ထားခဲ့ပြီး နေအိမ်ရှိလူများ မင်္ဂလာဆောင် သို့သွားနေစဉ် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးဖိုထရံကာသို့ စတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၄င်းပိုင်ဆိုင်သော ၁၅ ပေ ပတ်လည် ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် (၁)လုံး နှင့်အနီးပတ်ဝန်းကျင်ရှိ ဦးမျိုးညွန့်ပိုင်ဆိုင်သော  ၂၀ ပေ ပတ်လည် သွပ်မိုး၊ ထရံကာ (၁)ထပ်၊ ခြေတံရှည်လူနေအိမ်(၁)လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ လူ၊တိရစ္ဆာန်နှင့်အခြားပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းသိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေသူ ဦးနန်းမွှေး  ထန်းပေါက်ကုန်းကျေးရွာနေသူအား ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ  (ပ)၇/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment