ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၈၇)ရပ်ကွက်တွင် နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၈၇)ရပ်ကွက်တွင် နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ ကျင်းပ




MNP ၊  ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၈၇ ရပ်ကွက်မဟာဓမ္မိကာရာမကျောင်းတိုက်တွင်  ယမန်နေ့မွန်းလွဲ ၂ နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်၊ သာသန့ာတက္ကသီလာဓမ္မာစရိယ ဘဒ္ဒန္တစန္ဒိမာဝံသက သင်တန်းဆင်းသြဝါဒကထာမိန့်ကြားပြီးနောက် အမှတ်(၈၇)ရပ်ကွက် မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် သာသန့ာဓဇ္ဇဓမ္မာစရိယ(သာမဏေကျော်) ဘဒ္ဒန္တတေဇာလင်္ကာရမှ သင်တန်းသားများအား သင်တန်းဆင်းဆုံးမစကားပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှကြည်က ဝမ်းမြောက်စကား ပြောကြားပြီး သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ သင်တန်းမှူးဆရာမ ဒေါ်သီတာစိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို ကျောင်းသား/ကျောင်းသူများ မြတ်ဗုဒ္ဓ၏ အဆုံးအမကိုခံယူ၍ လူငယ်များအသိပညာဗဟုသုတိုးပွားကာ ယဥ်ကျေးလိမ္မာပြီး အမျိုးဘာသာသာသနာကို စောင့်ရှောက်တတ်သော လူငယ်မောင်မယ်များ ဖြစ်ပေါ်လာစေရန်၊   နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုး ရှိစွာ အသုံးချတတ်စေရန်၊ ယဉ်ကျေးလိမ္မာစေရန်၊ ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   ကျောင်းသား/ ကျောင်းသူ ၁၂၀ ဦး တက်ရောက်ခဲ့ကာ သင်တန်း(၇)ရက်တာကာလအတွင်း  သင်တန်းတက်ရောက်သည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ အာဟာရမုန့်များ ကုသိုလ်ပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။


အေးမဥ္ဇူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)