ညောင်ဦးမြို့၌ ပြည်သူများအား သင်္ကြန်ကာလစားသုံးဆီပြတ်လပ်မှုမရှိစေရေး သက်သာသော ဈေးနှုန်းဖြင့်စားအုန်းဆီများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့၌ ပြည်သူများအား သင်္ကြန်ကာလစားသုံးဆီပြတ်လပ်မှုမရှိစေရေး သက်သာသော ဈေးနှုန်းဖြင့်စားအုန်းဆီများရောင်းချပေး



MNP ၊  ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့်သင်္ကြန်ကာလ စားသုံးဆီပြတ်လပ်မှုမရှိစေရေး စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီအချိန်တွင် ညောင်ဦးမြို့နယ်ရပ်ကွက်/ ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။


ညောင်ဦးမြို့နေပြည်သူများ သင်္ကြန်ကာလချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီတစ်ပိဿကို ၄၉၀၀ ကျပ်နှုန်း ဖြင့်မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့၊ အမှတ်(၁)၊ရွှေကုန်းရပ်၊ အမှတ်(၂)၊ရုံးညောင်ပင်ရပ်တို့တွင် Mobile ကားဖြင့်လိုက်လံရောင်းချလျက်ရှိ ကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများ လက်ဝယ်အရောက်ဈေးနှုန်းချိုသာ စွာရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန်  ၂၇၅၂ ပိဿရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)