လူငယ်တွေ လမ်းမှားမလိုက်မိစေဖို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်တွေ လမ်းမှားမလိုက်မိစေဖို့


ရန်ကုန်မြို့ပေါ်မှာ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများရဲ့ ခိုင်းနွားများက “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” စာတမ်းကို ချိတ်ဆွဲခဲ့တယ်ဆိုပြီး လှုံ့ဆော်ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ ပြည်ပြေး  ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေမှာ လိုက်ပါမိခဲ့ကြလို့ အကြမ်းဖက်သမားများအဖြစ်နဲ့ ဘဝနိဂုံးအဆုံးမလှ ဖြစ်ခဲ့ကြရပြီးပါပြီ။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက အတိဒုက္ခရောက်တဲ့အခါ ဘာမှ ကူညီပေးခြင်း မရှိတာကို နားလည်ကြဖို့ လိုပါတယ်။ ဒါကြောင့် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေ လက်ဝေခံတွေရဲ့ လှုံ့ဆော်မှုတွေမှာ လူငယ်တွေ လိုက်ပါဆောင်ရွက်ခြင်း မပြုမိစေဖို့ အထူးသတိပေး တင်ပြလိုပါတယ်။


YRF ဆိုတဲ့ facebook ပေါ်က လူသတ်သမားများက "ယနေ့ နံနက်ခင်း ရန်ကုန်မြို့တနေရာတွင် “တစ်ရွာလုံးမီးလောင်နေတာကို ဘာလို့ က နေတာလဲ” ဟူသော ဘန်နာကို Yangon Revolution Force - YRF ၏ Soft Strike Community မှာ လူငယ်ရဲဘော်များမှသွားရောက်ချိတ်ထားခဲ့သည်။ ယင်းစကားသည် အမှန်တရားဘက်တွင် ပြည်သူနဲ့အတူ ရပ်တည်ကြသော အနုပညာရှင်များ ရိုက်ကူးထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်လမ်းမှ ဒိုင်ယာလော့ဖြစ်သည်။" ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။


လူငယ်တွေကို အတိဒုက္ခရောက်အောင် ဖန်တီးပြီး သူတို့ကတော့ ရုပ်ရှင်ရိုက်လိုက်၊ အလှူခံလိုက် လုပ်ဆောင်နေကြတာကို တွေ့ကြရပါလိမ့်မယ်။ ပြည်သူတွေကို အတိဒုက္ခရောက်အောင် ဖန်တီးပြီး ကမ္ဘာလှည့် လိမ်စားနေတဲ့ သူယုတ်မာတွေရဲ့ သဘောကို နားလည်ကြဖို့ လိုအပ်ပါတယ်။ 


သူတို့ရဲ့ ရေးသားဖော်ပြမှုမှာ "ယခုဆိုလျှင် အာဏာသိမ်းစစ်ကောင်စီသည်  ၎င်းတို့လက်အောက်တွင် တိုင်းပြည် ပုံမှန်လည်ပတ်နေသယောင် ဝါဒဖြန့်ချီရန်အတွက် သကြင်္န်ပွဲတော်အား ခမ်းနားကြီးကျယ်စွာကျင်းပနိုင်ရန် အစွမ်းကုန်ပြင်ဆင်နေကြသည်။ ၎င်းတို့၏ အပေါင်းအပါများကလဲ ထိုပျော်ပွဲရွှင်ပွဲများတွင် လူစည်ကားစေရန်၊ နည်းမျိုးစုံဖြင့် မြူဆွယ်လျက်ရှိသည်။ သို့သော် ပြည်သူလူထုအနေဖြင့် တစ်နိုင်ငံလုံးရှိ စစ်ဒဏ်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုဒဏ်ကို ခံနေရသော ကျန်ပြည်သူများ၊ တော်လှန်တိုက်ပွဲဝင်နေသော ရဲဘော်များကို ငဲ့ကွက်သောအားဖြင့် စစ်ကောင်စီနှင့် ၎င်းတို့၏ အပေါင်းအပါများ ကျင်းပပြုလုပ်မည့် ပွဲများတွင် သွားရောက် ပါဝင် ဆင်နွှဲခြင်းမပြုကျရန် တောင်းဆိုလိုက်ပါသည်။" လို့ ရေးသား လှုံ့ဆော်ထားပါတယ်။


ရေးသားဖော်ပြထားတဲ့ သဘောကို လေ့လာခြင်းအားဖြင့် ပြည်သူတို့ရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေမှာ တည်ငြိမ်အေးချမ်းမှာကို မလိုလားတဲ့ သဘောကို မြင်တွေ့ကြရပါလိမ့်မယ်။ နိုင်ငံတော်အစိုးရအနေနဲ့ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ပေးခြင်းဟာ ပြည်သူတွေ အေးချမ်းပျော်ရွှင်စေဖို့ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ပြည်သူတွေ အေးချမ်းပျော်ရွှင်မှာလို မလိုလားတဲ့ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေ၊ ပြည်တွင်းမှာ ရှိနေတဲ့ သူတို့ရဲ့ လက်ဝေခံ လက်ပါးစေ အကြမ်းဖက်သမားတွေရဲ့ အသုံးချခံ အဖြစ်နဲ့ လူငယ်တွေ အတိဒုက္ခမရောက်ကြစေလိုပါ။

လူကြီးမိဘများအနေနဲ့လည်း ကိုယ့်သားသမီးကို ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အသုံးချခံ အကြမ်းဖက်သမားများမဖြစ်စေဖို့ ဝိုင်းဝန်းထိန်းသိမ်းခြင်းအားဖြင့် နှစ်သစ်ကူး အခါသမယကို တည်ငြိမ်အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။


အလုံးစုံပျက်သုဉ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေကြသော CRPH, NUG ဦးဆောင်သော PDF အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့ကို ပံ့ပိုးနေသော EAO အမည်ခံ အကြမ်းဖက်အဖွဲ့များအားလုံး ဘဝနိဂုံးချုပ်သွားလို့မှ ဝမ်းနည်းစရာ မရှိပါဘူး။ ဒါမှသာ တိုင်းပြု ပြည်ပြု လုပ်ငန်းများကို အနှောက်အယှက်မရှိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)