မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မကွေးမြို့နယ် ရှားဇောင်းကန်ကျေးရွာအုပ်စု၊ သံဘိုရွာသစ်ကျေးရွာဦးမျိုးသန့် နေအိမ်တွင် ဇီဝဓာတ်ငွေ့ထုတ်လုပ်သုံးစွဲနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မကွေးမြို့နယ် ရှားဇောင်းကန်ကျေးရွာအုပ်စု၊ သံဘိုရွာသစ်ကျေးရွာဦးမျိုးသန့် နေအိမ်တွင် ဇီဝဓာတ်ငွေ့ထုတ်လုပ်သုံးစွဲနေမှုအား ကြည့်ရှုအားပေး





MNP ၊  ဧပြီ ၁၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားဇောင်းကန်ကျေးရွာအုပ်စု၊ သံဘိုရွာသစ်ကျေးရွာဦးမျိုးသန့် နေအိမ်တွင် ဇီဝဓာတ်ငွေ့ထုတ်လုပ်သုံးစွဲနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မကွေးမြို့နယ် ရှားဇောင်းကန် ကျေးရွာအုပ်စု၊ သံဘိုရွာသစ်ကျေးရွာသို့ ရောက်ရှိစဉ် ဒေသခံတောင်သူဦးမျိုးသန့် နေအိမ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း(၃၀)ဖြင့် တည်ဆောက်ပြီးစီးသည့် ဇီဝဓာတ်ငွေ့တည်ဆောက် ထုတ်လုပ်သုံးစွဲနေမှု အခြေအနေများနှင့်ပတ်သက်၍ နည်းပညာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက ဇီဝဓာတ်ငွေ့ကန် တည်ဆောက်မှု၊ ဇီ၀ဓာတ်ငွေ့ပိုက်တပ်ဆင်ခြင်း၊ နွားချေးနှင့် ရေဖျော်စပ်ထည့်သွင်းခြင်း၊  ထွက်ရှိလာမည့် နွားချေးနှင့် ရေအရောအား အခြောက်လှန်းရန် (၁၀)ပေ ပတ်လည်ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်မှုနှင့် ဇီဝဓာတ်ငွေ့ထုတ်လုပ် အသုံးပြုဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျေးရွာသူ၊ ကျေးရွာသားများအနေနဲ့ နွာချေးမှတစ်ဆင့် ထုတ်လုပ်ရရှိသော ဇီဝဓာတ်ငွေအား သုံးစွဲခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ လျှပ်စစ်မီးမရရှိသည့် နေရာများတွင် ထင်းမီးအစားထိုးချက်ပြုတ် အသုံးပြုနိုင်သဖြင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်မှုမှ ထွက်ရှိလာသော နွားချေးသည် ဓာတ်ပြုထားသည့် သဘာ၀ မြေသြဇာဖြစ်၍ ပေါင်းပင်များ မပေါက်နိုင်သည့်အတွက် ပေါင်းရှင်းစရိတ် သက်သာခြင်း၊ ဓာတ်ပြုပြီးသောနွားချေး၏ အာနိသင် ပိုမိုကောင်းမွန်သဖြင့် အကျိုးများစွာရရှိခြင်း၊ ရင်းနှီးမြှပ်နှံရသည့် ပမာဏများသည်ဟု ထင်ရသော်လည်း ရည်ရှည်အတွက် မျှော်တွေးပါက တွက်ချေကိုက်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တစ်မြို့နယ်လျှင် နမူနာ(၁)ခုစီ လုပ်ဆောင်စေပြီး နွားချေးမှတစ်ဆင့် ဇီဝဓာတ်ငွေ့ ထုတ်လုပ်သုံးစွဲနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကာ သစ်တောပြုန်းတီးမှုအား ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုနှင့်အတူ ကျေးရွာသူ၊ ကျေးရွာသားများမှ လျှပ်စစ်မီးချွေတာနိုင်ရေးအတွက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇီဝဓာတ်ငွေ့ထွက်ရှိရန် တည်ဆောက်မှုနှင့် ထွက်ရှိလာသည့် ဇီဝဓာတ်ငွေ့အား ချက်ပြုတ်အသုံးပြု ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)