(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်


MNP ၊ ဧပြီ ၂၈

(၅၁) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့ အစည်းအဝေးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်- ၂၀၂၃ တို့ကို ဧပြီ ၂၅ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ပရီဆီဟာနုပြည်နယ်ရှိ Independence Hotel ၌ လက်ခံကျင်းပရာ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၊ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဧပြီ ၂၅ ရက်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကိုကျင်းပရာ မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး မဲခေါင်ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်ဘ်ဆိုက်ပြန်လည်ထူထောင်ထားရှိမှု၊ လူမှုကွန်ရက်များမှ တစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ ဆောင်ရွက်နေမှု အခြေအနေ၊ မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး တည်ထောင် မှုသဘောတူစာချုပ် လက်မှတ်ရေးထိုးရေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံးကို တရားဝင် ရပ်တည်မှုအဆင့်အတန်းရရှိရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ဧပြီ ၂၆ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၃ ကို “Rethinking for Resilience and Digitalization”  ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာနိုင်ငံတကာနှင့် မဲခေါင်ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်စီးပွားရေး လုပ်ငန်းရှင်များမှ မဲခေါင်ဒေသအတွင်း ခရီးသွားလုပ်ငန်းများ ခိုင်မာအားကောင်းရေးနှင့် ခရီးသွားလုပ်ငန်းတွင် ကဏ္ဍစုံပူးပေါင်းပါဝင်မှု မြှင့်တင်ရေး၊ အဖွဲ့ဝင်နိုင်ငံအလိုက် အစားအစာအရင်းအမြစ်များ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ခရီးသွားဧည့်သည်များ၏ ကြိုက်နှစ်သက်မှုများကို အခြေခံ၍ အဖွဲ့ဝင်နိုင်ငံ များ၏ ဒေသတွင်းရိုးရာ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာဖြင့် ဖန်တီးမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပိုမိုအဆင့်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ၏ပါဝင်မှု အခန်းကဏ္ဍတိုးမြှင့်ရေးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ လေ့ကျင့်မွေးထုတ်ရေး အတွက် မဲခေါင်ခရီးသွားလုပ်ငန်း အာဏာပိုင်များ ပြန်လည်လေ့လာ သုံးသပ်ရန် လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၃ နှင့်ဆက်စပ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းဆွဲဆောင် မှုများနှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများကို ခင်းကျင်းပြသသည့် အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပြခန်းနှစ်ခု ပါဝင်ပြသ၍ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ရိုးရာယဉ်ကျေးမှုများနှင့် အစား အသောက်များကို ခင်းကျင်းပြသပြီး အဆိုပါဖိုရမ်နှင့် ခရီးသွားပြပွဲသို့ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိကကိုယ်စားလှယ် ၂၅၀ ခန့် တက်ရောက်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် (၅၂) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့ အစည်းအဝေးတို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွား ရန်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)