ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးကြိုးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးကြိုးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ပြုလုပ်




MNP ၊  ဧပြီ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးကြိုးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသိပညာပေး Talk Show ကို ယနေ့ နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံး Community Center ခန်းမ တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး)ဦးမြင့်ခိုင် နှင့် ဦးစီးအရာရှိ ဒေါ်အေးမြသန်းတို့က မိုးကြိုးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိ ပညာ ပေးပြောကြားရာတွင် မိုးကြိုးအန္တရာယ်ဖြစ်ပေါ်တတ်သည့် အခြေအနေများ ၊ မိုးကြိုးအန္တရာယ်ကြောင့် လူ နှင့် တိရစ္ဆာန်များ သေဆုံးခဲ့ကြရခြင်း ၊  မိုးကြိုကာလများဖြစ်သော ဧပြီလ နှင့် မေလ ၊ မိုးနှောင်းကာလဖြစ်သော အောက်တို ဘာလ နှင့် နိုဝင်ဘာလတို့တွင်  တစ်နေ့တာအတွင်း မွန်းတည်းချိန်မှ စ၍ ညနေ ၆ နာရီ အတွင်း မိုးကြိုးအပစ်များဆုံး ဖြစ် ကြောင်း ၊ မိုးကြိုးဘေးအန္တရာယ်ကျရောက်လာနိုင်သည့် အခြေအနေတွင် လယ်ယာချောင်း မြောင်းအင်း စသည့်တို့တွင် လယ်ယာလုပ်ငန်း ၊ ရေလုပ်ငန်းလုပ်ကိုင်သူများ ကွင်းပြင် ၊ ရေပြင်တို့တွင် ထီးတည်းကြီး မနေဘဲ အဆောက်အအုံများသို့ အမြန်ဆုံးခိုဝင်ခြင်း ၊ မြောင်များ ၊ချိုင့်ဝှမ်းများနှင့် နိမ့်သောနေရာများတွင် ဝပ်၍နေခြင်း ၊  ကွင်းပြင်၌ လူစုလူဝေး နှင့် ဖြစ်နေပါက သီးခြားစီဖြန့်ခွဲ၍နေခြင်း ၊ ကွင်းပြင်၌ ရောက်ရှိနေပါက ဆောင်ကြောင့်ထိုင်၍ ဒူးနှစ်ဖက်ပေါ် လက်တင် ခေါင်းငုံးထားရန်လိုအပါကြောင်း  ဆံပင်များ ထောင်နေသည့်ဟု ခံစားရပါက မိုးကြိုးပစ်တော်မည် လက္ခဏာ ဖြစ်ရာ ဒူး နှစ်ဖက်ကို ယှက်တင်ကာ ခန္ဓာကိုယ်ကို ကွေးညွတ်ထားခြင်းဖြင့် မိုးကြိုးအန္တရာယ်မှ ရှောင်ရှားနိုင်ကြရန် အကြုံပြု လမ်းညွန်ချက် စသည့်များအား အကျယ်တဝင့်  အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)