MNP ၊ ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံဝန်ထမ်းနည်းဉပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် လူထု အခြေ ပြုဗဟိုဌာန Comm unity Center ခန်းမ ၌ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က စာ ဖတ်ဝိုင်း ပြုလုပ်ရခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ရုံးရှိဝန်ထမ်း များက ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် “နိုင်ငံဝန်ထမ်းနည်းပဒေများ”စာအုပ်ပါ အခန်း(၆) ချီးမြှင့်ငွေ နှင့် အခကြေးငွေ ခေါင်းစဉ်ထဲရှိ ချီးမြှင့်ငွေပေးအပ်ပုံ နှင့် အခကြေးငွေ ပေးအပ်မှုများ ၊ အခန်း(၇) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ၊ ရာထူးမှ ထုတ်ပယ်ခြင်း ၊ တာဝန်မှ ယာယီ ရပ်ဆိုင်းခြင်း ၊ ပြန်လည်ခန့်အပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ ၊ အခန်း(၈)တွင် ပါဝင်သော ခွင့်ခံစားခွင့် အမျိုးမျိုး နှင့် ဝန်ထမ်းများ ခံစား နိုင် သည့် ခွင့်အမျိုးအစားများ စသည့်ခေါင်းစဉ်ငယ်များ တွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment