MNP ၊ ဧပြီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အစည်းအဝေး၌ သိမ်ကုန်းစေတီတော်ကြီးတွင် နံ့သာသွေးပြိုင်ပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧပြီလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် နံသာသွေးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ညနေပိုင်းတွင် ဘုရားရေသပ္ပာယ်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ နံ့သာသွေးပြိုင်ပွဲကို မြို့နယ်ရခိုင်ယဥ်ကျေးမှု စည်တော်အဖွဲ့ နှင့် ပူးပေါင်းပြီး ပထမဆုအား(၁)သိန်းကျပ်၊ ဒုတိယဆုအား(၆သောင်း) ကျပ်၊ တတိယဆုအား(၄သောင်း)ကျပ်နှင့် နှစ်သိမ့်ဆုတစ်ဆုလျှင်(၃သောင်း)ကျပ်နှုန်းဖြင့် နှစ်သိမ့်ဆုနှစ်ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment