လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ကျောင်းဆောင်သစ် ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချူပ်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ကျောင်းဆောင်သစ် ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချူပ်တက်ရောက်



MNP ၊ ဧပြီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ ကျောင်းဆောင်သစ်ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မောကိန္နရီတေးဂီတအဖွဲ့မှ ထူးမခြားနား ဗုဒရောင်ခြည်တော်ဘွဲ့ သီချင်းခံကြီး သုံးပိုဒ်ဖြင့်သီကျူးပူဇော်ခဲ့သည်။


ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်ကို နာယူခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ဆရာတော်သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)