ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေး


MNP ၊  ဧပြီ ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်  ဒေသခံပြည်သူများ စားဝတ်နေရေး ‌တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်ခန့်က လှာကဒေါင် ကျေးရွာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  ကရင်ပြည်နယ် အစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှု၊  ဘားအံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/-နှုန်းဖြင့်လည်းကောင်း၊  မြေပဲဆီတစ်ဗူးလျှင် ငွေကျပ် ၄၀၀၀/- နှုန်းဖြင့်လည်းကောင်း  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်များအား ကျေးလက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ပြီး ဒေသခံပြည်သူများ စားဝတ်နေရေးပြေလည်စေရေး ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)