မိုင်းယောင်းမြို့နယ်တွင် Clean & Green ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယောင်းမြို့နယ်တွင် Clean & Green ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊  ဧပြီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် သန့်ရှင်းစိမ်းလန်းသာယာလှပစေရန်အတွက် Clean & Green ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ တိုင်းလိစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များက ခရိုင်အတွင်း Clean and Green ဆောင်ရွက်မည့် နောင်ခမ်းကန် အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း၊ Estimate ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရွှေနှင့်ဓာတ်သတ္တု တရားမဝင်တူးဖော်ခြင်း မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ခရိုင်အတွင်း တရားမဝင် သတ္တုတူးဖော်မှုများအား စုံစမ်းခြင်း၊ သတင်းရရှိပါက အချိန်နှင့်တပြေးညီ စစ်ဆေးဖမ်းဆီးခြင်း၊ ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။


ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အငယ်တန်းစာရေးတစ်ဦး၏ ညီမဖြစ်သူနာရေးအတွက် ငွေကျပ် ၂ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)