MNP ၊ ဧပြီ ၉
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိခဲ့သော နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ပြိုင်ပွဲဝင် အားကစားသမားများအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကို ဧပြီ ၉ ရက် နေ့လည် ၃ နာရီခွဲကျော်ခန့်က ဗန်းမော်လေဆိပ်ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ပြိုင်ပွဲဝင်အားကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဌဦးခင်မောင်လွင် က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင် က ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်ဦး တို့က ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အကောင်းဆုံးရှေ့တန်းဆုရရှိသူက ပြိုင်ပွဲဝင် အတွေ့အကြုံနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
#MyanmarNationalPost











No comments:
Post a Comment