တောင်ဒဂုံမြို့နယ်အတွင်းမှာ နီပိန်းအကြမ်းဖက်လှုံ့ဆော် အမျိုးသမီး တစ်ယောက်ကို သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက် ရှာဖွေဖမ်းဆီးခဲ့ကြတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့တယ်။ အဲဒီ နီပိန်းမက လှုံ့ဆော်သတင်းတွေ ရေးသားတင်ပြတဲ့အခါမျာ တည်နေရာတစ်မျိုးပြပြီး နေထိုင်ရာက တခြားမှာ ရွှေ့နေတယ်။ နီပိန်း လူလည်မပေါ့။ လုံခြုံရေးပူးပေါင်းအဖွဲ့တွေ သွားရောက်ဖမ်းဆီးတော့ ဒီကောင်မပျောက်နေတယ်။ လုံခြုံရေးအရာရှိတွေကလည်း မတွေ့တဲ့အတွက်ကြောင့် ပြန်ဖို့ ပြင်ဆင်နေကြပြီပေါ့။ ရပ်ကွက်ရုံးက လူငယ်တွေက နောက်ဖေးဘက်က ပတ်ချောင်းတယ်။ ပြေးပေါက်ကလည်း ဒီလမ်းပဲ ရှိတော့တယ်။
တောင်ဒဂုံဆိုတာ တချို့နေရာတွေလည်း ရေအိုင်နဲ့ ရွံ့ဗွက်နဲ့။ နီပိန်းမ က အိမ်နောက်ဖေး ရေအိုင်ထဲ ဝပ်ပြီး ပုန်းနေတယ်။ အုပ်ချုပ်ရေးမှူးက ထွက်မလာရင် ပစ်ကွာဆိုတော့မှ ကျွန်မအဖမ်းခံပါ့မယ်ဆိုပြီး ထွက်လာတယ်။ နီပိန်းမ အသေမခံဘူး။ လူလည်မဗျ။
အဲဒီမှာ ဖမ်းမိလိုက်တဲ့ နီပိန်းမကတော့ သင်းနွယ်စိုး ဆိုသူ ဖြစ်ပါတယ်။ အဲဒီ နီပိန်းမကို စစ်ဆေးလိုက်ရာမှာ သူနဲ့အတူ ပူးပေါင်းလှုပ်ရှားနေတဲ့ နီပိန်း အကြမ်းဖက်သမား (၆)ဦး ထပ်မံ ဖမ်းဆီးရမိခဲ့တယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်။ တပ်မတော်ကို တော်လှန်တာပါလို့ ပြောနေတဲ့ နီပိန်းတွေဟာ တကယ်ပဲ တပ်မတော်ကို တော်လှန်နေသလား။ အဲဒီ နီပိန်း အကြမ်းဖက်သမားလေးတွေဟာ ရပ်ကွက်ထဲမှာ ရာအိမ်မှူးပစ်၊ အုပ်ကြီးပစ်၊ ဆရာ/ဆရာမကို ပစ်ပြီး ပိုက်ဆံရှာစားနေတဲ့ ကြေးစား အကြမ်းဖက်သမားလေးတွေလို ဖြစ်နေပါတယ်။
သူတပါးကို ထိခိုက်နာကျင်အောင်၊ သေကျေပျက်စီးဆုံးရှုံးအောင် လိုက်လံလုပ်ဆောင်နေတဲ့ သူတွေဟာ သူတို့အလှည့်ကြတော့ အနာမခံချင်တော့ဘူး။ အဲဒီတော့ စစ်ဆေးမေးမြန်းသမျှ အကုန်လုံး ဖော်ထုတ်ဖြေဆိုတဲ့အခါ အုံလိုက်ကျင်းလိုက် ဖမ်းဆီးခံရတဲ့ အဖြစ်မျိုး ဆိုက်ရောက်ပါလေရော။
ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နိုင်ငံရေးလုပ်စားသူတွေ နဲ့ ပြည်ဖျက် မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လိုက်ပါလုပ်ဆောင်နေကြသူတွေကို စာရေးသူ ထပ်ခါတလဲလဲ ပြောနေတဲ့ စကားက ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက အပြစ်မဲ့ ပြည်သူပဲ သေသေ၊ PDF အကြမ်းဖက်လှုပ်ရှားသူပဲ သေသေ သူတို့အတွက်က ငွေတွင်း ရှိတယ်။ ပြည်တွင်းမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီး ပြည်သူတွေ အော့နှလုံးနာအောင် လုပ်ဆောင်နေတဲ့ PDF အကြမ်းဖက်သမားတွေအတွက်ကတော့ သေလမ်းနဲ့ ထောင်ဝင်လမ်း (၂)လမ်းပဲ ရှိတယ်။
အများပြည်သူ အတိဒုက္ခရောက်အောင် မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားရင်း မိုင်းကွဲလို့ သေဆုံးရတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်ရင်း ပြန်လည်နှိမ်နင်းလို့ သေရတယ်။ အပြစ်မဲ့ ပြည်သူတွေကို လိုက်လံလုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့အတွက်ကြောင့် ဖမ်းဆီးအရေးယူခြင်း ခံရတယ်။ ဒါကိုလည်းပဲ နီပိန်းလေးတွေ မတွေးမိကြဘူး။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက လုပ်ကြံဖန်တီး ပြောဆို၊ ရေးသားဖော်ပြသမျှ အဟုတ်ကြီးထင်ပြီး မိုက်တွင်းနက်နေကြတုံးပါပဲ။
နီပိန်းအစွန်းရောက်တွေရဲ့ ဆိုးရွားလှတဲ့ ဘဝနိဂုံးအဆုံးမလှ ဖြစ်ရတာတွေကိုတော့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက် မီဒီယာတွေက ယောင်လို့တောင် မဟဘူး။ သေချင်တဲ့ PDF သေ၊ မသေသယောင် လုပ်ကြံဖန်တီး ဝါဒဖြန့်ကြသေးတယ်။ ဘာတဲ့ နိုင်တော့မှာဆိုပြီး ဇွတ်ရော အတင်းရော ဂျင်းထည့်သေးတာ။ နိုင်တော့မှာလို့ ပြောတဲ့ ပြည်ပြေး ဝရမ်းပြေးတွေက ဘယ်နိုင်မှာ နေလို့ နေမှန်းတောင် မသိကြရဘူး။
ငမိုက်သား PDF နဲ့ အသုံးချခံ နီပိန်းအစွန်းရောက်လေးတွေမှာ အတိဒုက္ခမျိုးစုံနဲ့ သူတို့ဆီက ထောက်ပံ့ငွေ မရတဲ့အခါကြတော့ ခိုးရ၊ ဝှက်ရ၊ ဓားပြတိုက် ရတဲ့ အခြေမျိုး ရှာစားနေကြရတယ်။ ဒါကတော့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ သြဇာခံ နီပိန်းအစွန်းရောက်လေးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်ပါတယ်။
NLD ဦးဆောင်သူများထဲမှာလည်း အကြမ်းဖက်လမ်းစဉ်နောက်ကို မလိုက်ဘဲ ရပ်တည်နေကြတဲ့သူတွေ ရှိပါတယ်။ နိုင်ငံရေးသမားတွေက အကြမ်းဖက်လက်နက်ကိုင် လမ်းစဉ်မအောင်မြင်မှန်း သိလို့ အကြမ်းဖက်လမ်းစဉ်နောက်ကို မလိုက်ကြတော့ဘူး။ အာဏာရမ္မက်ထနေတဲ့ ခွေးဝဲစားတစ်စုသာ ဘယ်သူ့မျက်နှာမမထောက်ဘဲ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့သဘောမျိုး သေချင်တဲ့သူသေ လှုံ့ဆော်ပြီး သူတို့က လွတ်မြောက်နယ်မြေကို အရောက်ပြေးကြတာ။
မအူမလည်နီပိန်းလေးတွေက ပြည်ပြေး ဝရမ်းပြေး အာဏာရမ္မက်ထနေတဲ့ ခွေးဝဲစားတစ်စုရဲ့ အသုံးချဖြစ်ပြီး မိုက်လုံးထွားလိုက်ကြတာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၃၃ အထိ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြပြီးပြီ။ အဲဒီလိုတွေ ရက်စက်ယုတ်မာနေလို့ ဘယ်နေရာကို အပိုင်းသိမ်းနိုင်ခဲ့ပြီလဲ။ ဘယ်နေရာမှ CRPH, NUG က အခြေချနိုင်ပြီလဲ။ CRPH, NUG အခြေချနိုင်ဖို့က ဝေးသေး။ PDF ငမိုက်သားတွေမှာ တောကြိုအုံကြား ဝါးရုံပင်အောက် အဖီစွဲပြီး ပုန်းခိုးနေကြရတဲ့ ဘဝတွေ မဟုတ်ပါလား။
အကြမ်းမဖက်လမ်းစဉ်အတိုင်း ရပ်တည်နေတဲ့ နီပိန်းတွေကတော့ သာသာယာယာပါပဲ။ သို့ပေသော် သူတို့အတွက်လည်း အန္တရာယ်ရှိတယ်။ နစက က သူတို့ကို ဘာမှ မလုပ်ဘူး။ သူတို့အချင်းချင်းပဲ အကြမ်းဖက်လှုပ်ရှားမှုနောက် မပါရကောင်းလားလို့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သြဇာခံ မအူမလည် PDF အကြမ်းဖက်သမားလေးတွေက လာပြီး လုပ်ကြံသတ်ဖြတ်မှာကိုတော့ သူတို့လည်း စိုးရိမ်နေကြရတာပဲ။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက ဘယ်လောက်အထိအောင် ယုတ်မာသလဲဆိုရင် သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်ကို အားပေးထောက်ခံခြင်း မရှိတဲ့ အခြားသော ပါတီအဖွဲ့အစည်းဝင်တွေ၊ ရဟန်းသံဃာ၊ ဆရာ/ဆရာမ၊ အစိုးရဝန်ထမ်းတွေကို ပစ်မှတ်ထား သတ်ဖြတ်ခိုင်းရုံတင် မဟုတ်ဘူး။ ကိုယ့်ပါတီဝင်အချင်းချင်းလည်း အထာမထားဘူး။ သူတို့နဲ့ တသားတည်း ရပ်တည်ခြင်း မရှိတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်ကနေ ဘယ်လို ထုတ်လိုက်မှန်းမသိ။ ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့ကြတယ်။ နောက်ဆက်တွဲ အနေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့လည်း ခိုင်းစေထားမှာပဲ ဖြစ်တယ်။ အဲဒီလို ယုတ်မာရိုင်းစိုင်းခြင်းကြောင့် အချင်းချင်းတောင် မသင့်မြတ်ကြတော့ဘူး။ မအူမလည် နီပိန်းအစွန်းရောက်လေးတွေကတော့ ရက်စက်ယုတ်မာ ရိုင်းစိုင်းသော အမှုတွေ ကျူးလွန်ရင်း သေလမ်းနဲ့ ထောင်ဝင်လမ်း တစ်လမ်းကိုတော့ ဧကန်မုချ သွားကြရမှာပါပဲ။
ဒေါင်းနင်း
#MyanmarNationalPost



No comments:
Post a Comment