MNP ၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့ပေါ်ရှိဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်လာရောက် သည့် သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကို ဒုတိယအကြိမ်ထိုးနှံပြီးသူများအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေးကြသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က တတိယအကြိမ်ကို (၉၅)ဦး၊ စတုတ္ထအကြိမ်ကို (၁၀၅)ဦး၊ ပဥ္စမအကြိမ် (၁၄) ဦးတို့ လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment