MNP ၊ ဧပြီ ၂၇
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဧပြီ (၂၇)ရက် နံနက်ပိုင်းက ကော့စံနိုင်ရပ်ကွက်၊ ဘောဂနာပိုင်းသို့သွားရောက်ကာ (အခမဲ့)စာအုပ် ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့်စာဖတ်ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့ အထကောင်းများ ရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ ကိုတစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment