ပုဇွန်တောင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီး


MNP ၊  ဧပြီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၊ လမ်းလျောက်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီပြီဖြစ်ကြောင်း သိရသည်။


ပုဇွန်တောင်မြို့နယ် မိသားစု ဗဟိုရေကစားမဏ္ဍပ်ကို အထက်ပုဇွန်တောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပုဇွန်တောင်ပန်းခြံရှေ့တွင် ဆောက်လုပ်ထားကြောင်းနှင့် ဗဟိုရေကစားမဏ္ဍပ်သည် အလျား (၆၄)ပေ၊ အနံ(၁၆)ပေ၊ အမြင့်(၅)ပေ ခန့်ညားထယ်ဝါသည့် နောက်ခံသင်္ကြန်ပုံရိပ်များနှင့် စာသားများပါသည့် (၃၂)ပေနှင့် (၄၀)ပေဗွီနိုင်းများနှင့်အတူ မဏ္ဍပ်အတွင်းပိုင်း ဝဲ/ယာတွင် ယိမ်းအက အဖွဲ့များနှင့် ဌာနဆိုင်ရာများအတွက် မဏ္ဍပ်များပါဝင်ပြီး အမြင့်(၅)ပေခွဲ၊ အလျား(၁၂)ပေ၊ အနံ(၄)ပေ အကျယ်ရှိသည့် ရေစကားမဏ္ဍပ်နှင့်အတူ တွဲဆက် ဆောက်လုပ်ထားကြောင်းနှင့် မျက်နှာချင်းဆိုင်ရှိ မြို့နယ်စည်ပင်သာယာရုံးရှေ့တွင် အကျယ်(၁၅)ပေ၊ အရှည် (၁၀၀)ပေအကျယ်ရှိသည့် လမ်းလျောက်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လျက်ရှိကာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ မဏ္ဍပ်ဆောက်လုပ်ရာသို့ ပုဇွန်တောင်မြို့နယ် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ဦးစီးကြပ်မတ်လျက်ရှိပြီး ဗိုလ်တထောင် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ မဟာ သင်္ကြန်မဏ္ဍပ်များ စစ်ဆေးရေးအဖွဲ့ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဒုတိယဌာနမှူး ဦးဉာဏ်သာနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)