အုတ်တွင်းမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်


MNP ၊  ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကြက်သွန်ခင်း(၁)ရပ်ကွက် ခိုင်ရွှေဝါလမ်းထိပ်၌ ဖျော်ဖြေရေး/ရေကစားမဏ္ဍပ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့် ဗဟိုမဏ္ဍပ် ဆောက်လုပ်ရေး ကော်မတီတို့မှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ သင်္ကြန်ယိမ်း အကအလှ ယှဉ်ပြိုင်မှုများ၊ Stage Show ကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေသွားမည် ဖြစ်သည်။ လာရောက်ဆင်နွှဲကြသော ပြည်သူသူများအား ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အဖွဲ့များမှ တစ်ရက်ချင်းအလိုက် အလှည့်ကျ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် (သင်္ကြန်အကြိုနေ့)မှ စတင်ကာ နေ့စဉ် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်သည်။


အုတ်တွင်းမြို့နယ်တွင် နှစ်သစ်ကူးချိန်ခါ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ရက် (သင်္ကြန်အကြိုနေ့)ညနေ ၄ နာရီတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)